သတိတွေရရဲ့လား
18-Jul-2017ဆရာဝန်က ရင်းနှီးသော အဘိုးအိုတစ်ဦးအား -
“ အဘွားကပြောတယ်၊ အဘိုးက သတိတွေမကောင်းတော့ဘူး၊ ပြီးတော့ သူ့ကို အချစ်လေး … အချစ်လေးခေါ်နေလို့ သူငယ်ပြန်နေပြီတဲ့”
“ ဒါ သက်သက် အထင်လွဲတာပါ ဆရာရယ်”
“ ဒါဆို အဘွားကို သိပ်ချစ်နေတုန်းမို့ ခေါ်တာပေါ့လေ”
“ ဟုတ်ဘူး၊ ပင်စင်မယူခင်က စာရေးမလေးကို ခေါ်နေကျနာမည် ပြန်မှတ်မိသွားလို့”
“ ဟိုက်”
Credit : မှူးအိမ်ဇင်